
Angels And Airwaves ဟာ Blind 182 မှဂစ်တာနဲ့အဆိုသမားဖြစ်တဲ့ Tom Delonge အသစ်ဖွဲ့စည်းထားတဲ့ဝိုင်းဖြစ်ပါတယ်။ Tom Delonge ဟာ Blink 182 မှထွက်လိုက်ပြီးနောက် Angels And Airwaves ကိုဖွဲ့စည်းလိုက်ပြီး ယခုအခါ Angels And Airwaves ဟာတော်တော်လေးနာမည်ရပြီး ရောင်းအားကောင်းလာတဲ့ အဖွဲ့ဖြစ်လာပါပြီ။ Tom Delonge ဟာသူ့ရဲ့ဝိုင်းအသစ်ကို Blink 182 ကလိုမျိုး punk ပုံစံမျိုးပဲမလုပ်တော့ပဲ Rock ၀ိုင်းဟောင်းကြီးများဖြစ်တဲ့ U2 တို့ The Police တို့လိုပုံစံမျိုးတွေလုပ်လာတဲ့ အတွက် Angels And Airwaves သီချင်းများကို လူအများကြိုက်နှစ်သက်လာကြတယ်လို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နားမထောင်ဖူးသူများ နားထောင်သင့်တဲ့ ၀ိုင်းတ၀ိုင်းဖြစ်ကြောင်း အကြံပြုလိုပါတယ်။ Blink 182 ရဲ့ ပရိသတ်များအတွက် သတင်းကောင်းကတော့ Blink 182 ကိုအရင်ဝိုင်းသားများဖြင့် ပြန်လည်ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ Tom Delonge ကတော့ Angels And Airwaves ဟာလည်းဆက်လက်ရှိနေအုံးမှာဖြစ်ကြောင်း သူတို့ရဲ့ဝက်ဘ်ဆိုဒ်မှတဆင့် ပြောဆိုထားပါတယ်။
အမျိုးအစား - Alternative rock, Pop rock
Track List
1. Valkyrie Missile
2. Distraction
3. Do It For Me Now
4. The Adventure
5. A Little's Enough
6. The War
7. The Gift
8. It Hurts
9. Good Day
10. Start The Machine

Mediafire
Ifile.it
No comments:
Post a Comment